ဝင့်ကြွားမှုကိုမှ ထည်ဝါတယ်ထင်တဲ့နင့်ကို
ငါ့အသက်ရှူသံနှလုံးသားတွေ
ပုံအောမိတာငါ့အမှား
အစကဘယ်ထင်ခဲ့မိမှာလဲ
ငါ့ရဲ့ရူးသွပ်ခြင်းတွေ
ရက်စက်စွာရိုက်ချိုး
ဂုဏ်ဝင့်သူထံယိမ်းချ
နင့်ရဲ့အချစ်ကိုလက်တွေ့ထွေးအန်ပြမှ
အရောင်ဝါနဲ့နံ့သာဆင်မှန်းသိတာ
အချစ်တွေထိုင်ပျိုးမိတဲ့ငါက
ခက်မဝေတဲ့သစ်ပင်ဆိုတော့
ကိုင်းကြီးမှာရိပ်ခိုချင်တဲ့နင့်ဆန္ဒနဲ့
သဟဇာတ ဘယ်မှာများပနံရပါ့မလဲ
ခြွေချနင်းဖြတ်ခဲ့သူကို
မာန်ချမခရအောင်လည်း
မာနနဲ့ဓနကြားမှာ
အရိုင်းဆန်နေတဲ့ငါ့အချစ်က
ရိုကြိုးမပြနိုင်ခဲ့ဘူး
ထည်ဝါချင်သူမင်းအတွက်
ဗလာမဲ့ဒီကောင်က
သုညကိုအရောင်တင်ပြီး
လိမ်ညာမှုတွေနဲ့
ထည်ဝါမပြနိုင်တာကတော့
I am very sorryပါပဲ
ချုံကြားမှာပေါက်ဖွားလာတဲ့ငါက
ဘုံဖျားမှာဝင့်ထည်ချင်တဲ့နင့်အချစ်နဲ့
ဆွဲညို့ယူလို့မရနိုင်မှတော့
ငါ့ရင်ကိုထိုးခွဲ
နှလုံးသားကိုနှုတ်ဆွဲလို့
နင်နဲ့နွယ်ယှက်တဲ့ငါ့အချစ်ကို
အချစ်မဲ့သစ်ငုတ်မှာရိုက်ပုတ်ပစ်မယ်.....။ ။